Saturday, August 16, 2014



မင်းမဲ့စရိုက်နှင့် မြ၀တီမြို့
                                   နယ်စပ်မြို့ကလေးပါဒါပေမဲ့လည်းထိုင်းနိုင်ငံနဲ့သွင်းကုန်ထုတ်ကုန်တွေရဲ
 အဓိကစီးဆင်းရာမြို့ဖြစ်ပါတယ်။ လုပ်ငန်းအခွင့်အလမ်းများလည်းပေါများပါတယ်။ဝင်ငွေကောင်း တဲ့မြို့ဖြစ်သော်လည်းမသမာသောနည်းလမ်းများဖြင့် ငွေရှာသူများလည်းရှိနေပါတယ်။နယ်စပ်မြို့ဖြစ်တာ
နဲ့အညီ တိုင်းရင်းသားအဖွဲ့အစည်းတွေလည်းများပြားပါတယ်။ စီးပွားရေး လုပ်ငန်း တွေကိုလုပ်ကိုင်တဲ့ အခါမှာ အုပ်ချုပ်တဲ့သူများအပိုင်းက ရှေ့ခရီးကိုတွေးဆပြီး လိုက်လျှောညီထွေ ညှိနှိုင်း အုပ်ချုပ်ခဲ့ပါတယ်။ အားလုံးအဆင်ပြေ နိုင်ဘို့အဓိကထားပြီးလုပ်ကိုင်ခဲ့သည့်အတွက် မြ၀တီမြို့လေးကတော့ ပုံမှန်လည်ပါတ်စီးဆင်းနေခဲ့တာပါဘဲ။
                              ပုံမှန်မဟုတ်တာကလွန်ခဲ့တဲ့၂၀၁၃ခုနှစ်ကုန်ပိုင်းကတည်းကစခဲ့တာဖြစ်ပါတယ် 
 မြ၀တီမြို့ကလေးမှာ လုပ်ငန်း၊၀င်ငွေ များ အခြားဒေသထက်ကောင်းမွန်တဲ့အတွက် အမြို့မြို့အနယ်နယ်မှ လူတန်းစားမျိုးစုံလာရောက်လုပ်ကိုင် စားသောက်ကြတာဖြစ်ပြီးလူနေထူထပ်သိပ်သည်းမှုရှိလာသည်နှင့်အမျှ လူတန်းစားကွာဟမှုလည်းသိသာလာတဲ့အတွက် နေရာထိုင်ခင်းပြဿနာစတင်ပေါ်ပေါက်လာပါတယ်။  
 မြေယာများအပေါ်စိတ်ဝင်စားသူများပိုမိုများပြားလာခဲ့ပါတယ်။ တောင်ယာလုပ်ကိုင်နေသောနေရာများက
လူနေအိမ်ခြေများဖြစ်လာခဲ့ပါပြီ။အသေးစိတ်မှာတော့လုယက်ယူငင်ခြင်း၊အနိုင်ကျင့်ခြင်းဆိုတာတွေလည်းရှိ
ခဲ့ပေမဲ့ ထားလိုက်ပါတော့။ အဓိကအခြေအနေက နိုင်ငံတော်ပိုင်မြေဧရိယာများကို မိမိသဘောဖြင့် စီမံကွပ်ကဲခွဲဝေပေးခြင်းဘဲဖြစ်ပါတယ်။


     မြ၀တီမြို့ ရဲ့ပတ်ပတ်လည်မှာ သစ်တောကြိုးဝိုင်းများ ကျွန်းစိုက်ခင်းများဝိုင်းရံနေပါတယ်။ ကြိုးဝိုင်း နဲ့လွတ်တဲ့နေရာတွေမှာတော့ ယခင်ကတောင်ယာစိုက်ခင်းတွေပေါ့ ။ ယခုလူနေအိမ်ခြေတွေဖြစ်နေပါပြီ အုပ်ချုပ်ရေးအပိုင်းကချထားပေးတာရှိသလို၊မိမိတောင်ယာကိုခွဲခြမ်းစိတ်ဖြာရောင်းချလို့နေထိုင်ကြတာတွေ
လည်းရှိတာပေါ့။ ဒါကငွေကြေးတတ်နိုင်သူတွေရဲ့အပိုင်း ။ ငွေကြေးမတတ်နိုင်သူတွေရဲ့အပိုင်းမှာက အခန်းများ၊ တန်လျှားများမှာငှားရမ်း နေထိုင်ကြတယ် ၀င်ငွေကောင်းသလို စရိတ်စက ကလည်းအလွန်ကြီးမားပါတယ်။ အခန်းငှား တန်းလျှားငှားနေထိုင်သူလက်လုပ်လက်စားလူတန်းစားတွေက တခါတရံ အခန်းခတောင် ပေးဘို့မတတ်နိုင်ကြပါဘူး။ ဒီလိုတွန်းအားပေးမှုတွေက (NLD) (88) စတဲ့အဖွဲ့အစည်းတွေအတွက်လုပ်ကိုင်နိုင်ဘို့အခွင့်အလမ်းတခုလို့ မြင်လာကြတာဖြစ်ပါလိမ့်မယ်
 ပြည်သူတွေအပေါ်စေတနာထားတယ် ကူညီခြင်တယ်ဆိုတာမျိုးပေါ့။ 
             

                    တကယ်လည်းကူညီခဲ့ကြပါတယ် မြို့ပြင်မြေကွက်တော်တော်များများက ပိုင်ရှင်ရှိပြီးသား ငါတို့က ပြည်သူတွေဘဲ ပြည်သူတွေပိုင်တဲ့ ပြည်သူပိုင်ကျွန်းတောထဲမှာငါတို့နေတာ ငါတို့ အပြစ်မရှိပါဘူးဆိုတဲ့အတွေး မျိုးနဲ့ တောင်မြ၀တီကျွန်းစိုက်ခင်းကိုကျူးကျော်ခဲ့ကြပါတယ်။ အဲလိုကျူးကျော်ပြီး အဆောက်အဦးများခိုင်မာလာမှ အုပ်ချုပ်သူအပိုင်းကသိရှိတဲ့အချိန် ခေါ်ယူစစ်ဆေး အပြစ်ပေးခဲ့တော့ ဦးဆောင်သူ စီမံကွပ်ကဲသူ(၂)ဦးကို ထောင် (၆)လစီ ချခဲ့ပါတယ်။ နောက်တစ်ကြိမ် ထပ်မလုပ်ဘို့နဲ့ စိုက်ခင်းများမပျက်စီးဘို့ မှာကြားပြီး နေထိုင်ကြ တဲ့ပြည်သူတွေကို ငဲ့ညှာနေထိုင်ခွင့်ပေးခဲ့ပါတယ်။ သို့သော်လည်း နောက်တစ်ကြိမ် ထပ်မံကြူးလွန်ကြပြန်ပါ တယ်အဲဒါကတော့ (၁-၅-၂၀၁၄)မှာပါ သက်ဆိုင်ရာများသွားရောက်စစ်ဆေးပြီးအရေးယူခြင်းများပြုလုပ်ခဲ့ရပြန်ပါ တယ်။

     ဒီတစ်ကြိမ်မှာလည်း အားလုံးကအခြေကျနေပြီးလိုဖြစ်နေတဲ့အတွက် ဦးဆောင်သူများဖြစ်တဲ့“ဦးမြင့်သိန်း၊ ဦးမြင့်နိုင်၊ ဦးအောင်ငွေသိန်း”တို့ (၃)ဦးမှ ဦးစီးကာ အပြစ်ပေးရင်လည်းခံပါ့မယ်ဆိုသော၊မရှိဆင်းရဲသားပြည်သူများအတွက်အနစ်နာခံလုပ်ဆောင်တာဆိုသောစကား
များဖြင့်ဥပဒေမှပေးအပ်သောအပြစ်ကိုခံယူခဲ့ကြပါတယ်။ဒါပေမဲ့ နေထိုင်သော ပြည်သူများအတွက် နေထိုင်ခွင့်တော့
ဆက်လက်ပေးလိုက်ရပါတယ်။ 
             

                         ယခုနဲနဲတိုးလာပါပြီး နေစရာတွေရကြ လုပ်ကိုင်စားသောက်ကြ အဆင်ပြေနေကြတာကတော့ ၀မ်းသာစရာဆိုပေမဲ့ အုပ်ချုပ်သူအပိုင်းက အားနဲနေတယ်ဆိုတာ သိသာထင်ရှားနေတာကိုတွေ့ရမှာပါ။ လူနေရပ်ကွက်ဖြစ် လာတော့ ဈေးလိုလာတယ် ကျောင်းလိုလာတယ် ဒါတွေက မြို့ကိုအုပ်ချုပ်သူအပိုင်းက တာဝန်ယူရမှာပါ ဖြစ်သင့်တာမျိုး၊ ဖြစ်နိုင်တာမျိုးကိုပေါ့ ။အခုတော့ ဦးမြင့်သိန်းရဲ့သား ကိုကျော်ခိုင်ဆိုသူကဦးဆောင်ပြီး ဈေးများဆောက်လုပ်ခြင်း ၊စာသင်ကျောင်းအတွက်လျာ ထားဆောက်လုပ်ခြင်း ၊လမ်းများဖေါက်ထွင်၍ ကွန်ကရစ်ခင်းခြင်းတို့ကို မိမိသဘောမိမိဆောင် လျှက် ပြုလုပ်နေခြင်းသည်မင်းမဲ့ဆန်သောအပြုအမူများဖြစ်လာသည်မှာ မြ၀တီမြို့အတွက်ရင်လေးစရာဖြစ်နေပါသည်။ မြို့အုပ်ချုပ်သူ ဌာနဆိုင်ရာအကြီးအကဲများပူးပေါင်းပြီး နေထိုင်သူပြည်သူများအား ဥပဒေဘောင်အတွင်းနေထိုင်ကြရန် မှာကြားပြီး ဆိုင်ခန်းများကိုလည်း (၃)ရက်အတွင်းဖျက်ပေးရန်မှာကြား ထားသော် လည်း ဈေး  ဆိုင် ခန်း များ အားမဖျက်ဆီး သည့်အပြင်





  

                             တရားဝင်စည်ပင်မှဖွင်လှစ်ပေးထားသောဆိုင်များကဲ့သို့ ဆက်လက်လုပ်ဆောင်လာသည်မှာ အုပ်ချုပ်သူများ အခွင့်အာဏာမှာမြ၀တီမြို့တွင် သက်ရောက်မှုအားနည်းနေရော့ သလားဟုထင်မြင်စရာဖြစ် လာနေပြီး ပြုပြင်ပြောင်းလဲမှုများ ပြည်သူများအပေါ် အာရုံစူးစိုက်မှု ပိုမိုထားရှိရန် အုပ်ချုပ်မှုပိုင်းမှပြုပြင် ရန်များပြောင်းလဲရန်များတည် ဆောက်ရန်များကို ကိုယ်တိုင်ကိုယ်ကျ တာဝန်ပိုင်းအတွင်းမှ ဦးစွာလုပ် ကိုင်ဆောင်ရွက်သင့်ပါကြောင်း နိုးဆော်တိုက်တွန်းရင်း မြ၀တီတောင်သစ်တောကြိုးဝိုင်းအခြေအနေကိုတင်ပြ  အပ်ပါသည်။
                                                                                                                      
 ဒေါနမြေ










No comments:

Post a Comment