‘ကို’
‘အင်း…’
‘အခုခေတ် ၈တန်း ၉တန်းကလေးတွေက Facebook ပေါ်မှာ သိပ်စပ်စလူး ထတာပဲနော်’
‘အင်း … သူတို့က Honda Fit လေးတွေလေ … အကောင်သေးပီး လှစ်လှစ် လှစ်လှစ်နဲ့’ (^_^)
‘၁၀တန်းပီးကာစ ကောင်မလေးတွေလဲ ဂေါတယ်နော်’
‘အင်း သူတို့က Taxi လေ … လူတိုင်းစီးကြတယ် … တခါတလေ လူပိုတောင်ခေါ်တင်ကြတယ် .. နားလည်မှု လေးတွေနဲ့’
‘အော်.. ဒါဆို ၁၈ ၁၉ လေးတွေကရော..?’
‘သူတို့ကတော့ Lamborgini ပေါ့ကွာ.. လူတိုင်းလဲမစီးနိုင်ဘူး ဈေးလဲကြီးတယ် စီးနိုင်တဲ့ကောင်လဲ ဆီဖိုးနဲ့မွဲမှာ’
‘ဒါဆို ၂၀-၂၁ ကောင်မလေးတွေရော??’
‘သူတို့ကကျတော့ Luxury Car ပေါ့ကွာ … အများကြီးစီးလို့မကောင်းဘူး … ဇိမ်ခံဖို့အတွက်ပဲလေ’ (^_^)
‘အာ့ဆို ၂၂-၂၃ လေးတွေကရော??’
‘အဲ … သူတို့ကကျတော့ Used ကားတွေလိုမျိုး … စီးမဲ့လူက သေချာစစ်ပီးဝယ်ကြတာ.. တခါတလေ အနောက်က ၀င်ကျုံးပီးသားကြီးတွေ..’
‘ဘာပြောတယ်…!!!’
‘အော်.. အနောက်ကနေ ကားတိုက်တော့ ကားအနောက်ပိုင်းကို တခြားကားနဲ့ဝင်ကျုံးပီးသားကို ပြောတာပါကွာ.. အဟီး’
ချစ်သူမျက်နှာ တဖြည်းဖြည်း ပျက်လာသည်။
‘ဟွန်း … ၂၃-၂၄ တွေကရော?’
‘တဖြည်းဖြည်း နဲ့ ဘူတာနားကပ်လာသလိုပဲ … အဟီး’
‘ဖြေ… ခုဖြေ’
‘အဟီး… သူတို့ကကျတော့ ဇုံထုတ်တွေပေါ့။ ဒီခေတ်ထဲမှာ စီးတဲ့လူ မရှိသလောက်ရှားသွားပီ … စီးမယ်ဆို အဲ့စီးတဲ့ကောင်က ရူးနေလို့ … အငှီး’
‘ဒါဆို ချစ်ကရော…..??????’
‘ချစ်ကတော့ နိဗ္ဗာန်ယာဉ် ပေါ့’
( ဓားနဲ့လိုက်လို့ ပြေးခဲ့ရသည်။ ) xD
Credit : Kaung Sat

No comments:
Post a Comment