အုပ်ချုပ်မှု ခိုင်မြဲရေးအမိန့််အာဏာတည်မြဲရေး
ဥပဒေကိုလေးစားလိုက်နာသော ပြည်သူတို့သည် တရားဥပဒေစိုးမိုးရေး မူဝါဒလမ်းစဉ်နှင့်အညီ တရားဥပဒေနှင့်အတူ
ဥပဒေဘောင်အတွင်းမှ ဥပဒေကိုလေးစားလိုက်နာပြီး နေထိုင်သွား ကြမည်ဆို လျှင် အုပ်ချုပ်သူ
နှင့် အုပ်ချုပ်ခံပြည်သူတို့မှာ မည်သို့သော ပြဿနာကြီးငယ်မျိုးမှ ဖြစ်မလာနိုင်ဘဲ အေးချမ်းသာယာသော
လူမှုဘ၀ကိုရရှိပြီး
သာယာသော ဒီမိုကရေစီလမ်းစဉ်၏ အနှစ်အရသာကိုတူညီစွာခံစားနိုင်ကြမည်မှာမလွဲဧကန်ဖြစ်လာ နိုင်ပါသည်။
ယနေ့မြ၀တီမြို့၏ တောင်မြ၀တီသစ်တောကျွန်းစိုက်ခင်းမှ
ကျူးကျော်ဝင်ရောက်နေထိုင်ခဲ့ကြသော ပြည်သူလူထု အပေါ်တွင် ယနေ့အုပ်ချုပ်သူအစိုးရ အဆင့်ဆင့်လူကြီးများသည်
လူကိုလူလိုမြင်ခြင်း အသိစိတ်ဓါတ် ငဲ့ညှာသနားကြင်နာခြင်းများစွာဖြင့် အာဏာကို ဖိအားသဖွယ်အသုံးမပြုဘဲ
စိတ်ရှည်သည်းခံခြင်း ခွင့်လွှတ်ခြင်းများဖြင့် ပြည်သူတို့အပေါ် ဆက်ဆံခဲ့ရာ အခွင့်အရေးသမားလူတစ်စုက
ပြည်သူကိုအကြောင်းပြ ကိုယ်ကြိုးစီးပွားရှာပြီး တစ်ဆင့်ပြီး တစ်ဆင့် ဥပဒေမဲ့မင်းမဲ့စရိုက်
ငါထင်ရာငါလုပ် ငါလုပ်တာအဟုတ် အဟုတ်လို့မှတ်နေတဲ့ လူတွေ ရေးတာတခြား ထင်တာ တစ်ခြား ဖြစ်ပေါ်နေတဲ့အကြောင်းအရာတွေကို
ဥပဒေနဲ့ပါတ်သက်လို့ ကွင်းဆင်းဦးဆောင် ၍ ပြည်သူလူထုအပေါ် ရှင်းလင်းပြောကြားပြီး ပြတ်သားစွာ
စီရင်ဆုံးဖြတ်ကြတဲ့ မြ၀တီခရိုင် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့ကြောင့်
အုပ်ချုပ်မှုအာဏာ သက်ရောက်ခြင်းဖြင့် တရားဥပဒေစိုးမိုးခြင်း တို့၏ ရလာဒ် သည် (၁၆-၈-၂၀၁၄)ရက်နေ့နံနက်ပိုင်းတွင်
တောင်မြ၀တီသစ်တောကြိုးဝိုင်း အတွင်းရှိ ထပ်ဆင့်လွန်ကဲလာသော မင်းမဲ့စရိုက် ဥပဒေမဲ့ကျူးကျော်ဈေးဆိုင်ခန်းများ
အခွန်လွတ်ဈေးဆိုင်တန်းများသည် အုပ်ချုပ်မှုအာဏာသက်ရောက်ခြင်းဖြင့် နောက်ဆုံးဖျက်သိမ်းလိုက်ကြပြီဖြစ်ကြောင်းကို
သိရှိလိုက်ရပါသည်။
ထို့အတူ မြ၀တီမြို့ (၂၄)နာရီ မီးလင်းရေး
အကျိုးဆောင်အဖွဲ့အပိုင်း(၁) တာဝန်ရှိသူ မန်နေဂျာမှ လည်း ၄င်းသစ်တောကျွန်းစိုက်ခင်းအတွင်း
ကျူးကျော်အိမ်ယာများအား ၄င်းတို့အနေဖြင့် လျှပ်စစ်မီး မီတာချပေးမည်ဆိုသည်မှာ မဟုတ်မှန်ကြောင်းလုံးဝမဖြစ်နိုင်သေးကြောင်းသတင်းသမားတို့အားပြောကြားလာခဲ့ပါသည်။၎င်းနောက်
သစ်တောကျွန်း စိုက်ခင်းအတွင်း ကျူးကျော်နေထိုင်သူများ ထံမှ အကြောင်းအမျိုးမျိုးဖြင့်
ယုံကြည်အောင်ပြောပြပြီး ငွေကြေး ကောက်ခံလာခဲ့လျှင်လည်းလိမ်ညာမှုသာဖြစ်မည်ဖြစ်ပြီး ၄င်းကျွန်းစိုက်ခင်းသည်
နိုင်ငံပိုင်ဌာနပိုင်ပြည်သူပိုင် ဖြစ်သဖြင့် မည်သူမျှ ဆောင်ရွက်ပေးနိုင်မည်မဟုတ်ပါ။ ၀န်ထမ်းဆိုသည်မှာ မည်သည့်
အစိုးရ၀န်ထမ်းမဆို ဆင့်ကဲဆင့်ကဲ သတင်းပို့ တင်ပြခြင်း စနစ်ကို ကျင့်သုံးလုပ်ဆောင်နေရသည့်အတွက်
မည်သူမျှ တာဝန်ယူဆောင်ရွက်ပေးနိုင်ခြင်းမရှိပါ။
အနှစ်ချုပ်ဆိုရလျှင် ကျူးကျော်မှုကိုအိုးမဲ့အိမ်မဲ့ပြည်သူများအတွက်
လတ်တလောငဲ့ညှာမှုဖြစ်ပြီး အုပ်ချုပ်မှု ဘောင်အတွင်းကျော်လွန်၍လုပ်ဆောင်မှုများသည် မည်သို့သောအခါမျှ
တရားဝင်ဖြစ်လာမည်မဟုတ်သည် ကိုပြည်သူများ မှလည်း သိရှိနားလည် နိုင်အောင်သတင်းမီဒီယာမှ
ရေးသားဖေါ်ပြပြီး ဥပဒေကို ကျော်လွန်ချိုးဖေါက်ခဲ့လျှင်လည်းဥပဒေအရ အပြစ်ဒါဏ်ခံရမည်ကို
ပြည်သူအများ သိရှိနားလည်နိုင်ပါစေလို့ဆန္ဒပြုရင်း…………………………………………….
အေးချမ်းပါစေ
ပြည်ထောင်စုမြေ ငြိမ်းချမ်းပါစေ မြန်မာပြည် သာယာပါစေဒေါနမြေ
ဒေါနမြေ
(အထူး)မှုခင်းသတင်းထောက်အဖွဲ့



No comments:
Post a Comment