မြ၀တီမြို့
ရွေမြင်းဝန်စေတီတော် ဘုရားပါတ်ကားလမ်းဖွင့်ပွဲကျင်းပ
ကရင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး
ဦးသံဒိုင်၏ မြ၀တီမြို့ဟာနယ်စပ်ဒေသမြို့ဖြစ်ပြီး ၄င်းမြို့တွင် ယနေ့အသုံးပြုနေသော မြို့တွင်းလမ်းများသည်
ကွန်ကရစ်လမ်းများအဖြစ်အသုံးပြုလျှင် ထိုင်းနိုင်ငံတွင်ဘိလပ်မြေ ဈေးနှုံးသက်သာသဖြင့်ကတ္တရာလမ်းအစားကွန်ကရစ်လမ်းများအသုံးပြုခြင်းဖြင့်
မြို့တွင်းလမ်း များသာယာပြီးပြည်သူအများ သွားလားလွယ်ကူသက်သာအဆင်ပြေနိုင်မည်ဖြစ်ကြောင်း၊တစ်ဘက်ထိုင်းနိုင်ငံ၏
နယ်စပ်မြို့များတွင်အသုံးပြုသည့်လမ်းများသည်လည်းကွန်ကရစ်လမ်းများဖြစ်ကြောင်းကို သတင်း
ထောက် များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သောစကားအရ ယနေ့ ကရင်ပြည်နယ် မြ၀တီခရိုင်မြ၀တီမြို့တွင်
မြို့နယ်စည်ပင် သာယာရေး ကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့တွင်လမ်းများတွင်ကွန်ကရစ်လမ်းများဖြင့်အသုံးပြုလာ၍
သွားလာလွယ်ကူအဆင် ပြေချောမွေ့နေပြီးယခင်က ရွှေမြင်းဝန်ဘုရားဘေးပါတ်ဝန်းကျင်အတွင်း ဆိုင်ခန်းများနှင့်
လမ်းများကျဉ်းမြောင်းနေပြီး ယနေ့ ၄င်းဆိုင်ခန်းများကိုရှင်းလင်းကာ သီခြားသတ်မှတ်နေရာ
အသီးသီးပေးချမှတ်ပေးခဲ့ပြီး(၉-၈-၂၀၁၄) ရက်နေ့ အမှတ်(၄)ရပ်ကွက် ရွှေမြင်းဝန်စေတီတော်ဘုရားကား
ပါတ်လမ်းကို နံနက် (၉း၀၀)နာရီအချိန်တွင် ဖွင့်ပွဲ ကျင်းပရာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်
များနှင့် မြ၀တီခရိုင် အုပ်ချုပ်ရေးမှူးဦးလွင်ကိုဦး ၊မြ၀တီခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးအောင်မြင့်
၊ခရိုင်မြို့နယ်အဆင့် အုပ်ချုပ်သူ ဌာနဆိုင်ရာအကြီးအကဲများ ၊မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ
လူမှုရေး အသင်း အဖွဲ့များ ၊မြို့မိမြို့ဖများ သတင်းမီဒီယာသမားများ မှုခင်းသတင်းထောက်များ
စုံညီစွာ တက်ရောက် ခဲ့ ကြပြီးယနေ့ မြ၀တီမြို့သမိုင်းဝင်ရွှေမြင်းဝန်ဘုရားကြီးသည်
လမ်းနှင့် အတူ ထင်ပေါ်လျှက်ရှိပြီး တစ်ဘက်ထိုင်းနိုင်ငံမှ ဘုရားဖူးဧည့်သည်များလည်း မျက်စေ့
ပသာဒရှိလျှက် အေးချမ်းသာယာစွာ စိတ်နှလုံးချမ်းမြေ့လျှက် ရှိကြောင်း သတင်းရရှိ…………………….
(ဒေါနမြေ)
(အထူး)မှုခင်းသတင်းထောက်အဖွဲ့


No comments:
Post a Comment