၂၀၁၄ခုနှစ်
သြဂုတ်လ (၁၈)ရက်နှေ့တွင် အမှတ်(၄)ရပ်ကွက်၊ဘုရင့်နောင်လမ်း၊သောင်ရင်းခန်းမတွင် မြ၀တီခရိုင်အတွင်ရှိ
မြို့နယ်နှင့်ကျေးရွာများ အတွက် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများအကောင်အထည်ဖေါ်နိုင်ရန်
အဖွဲ့စည်း ပေါင်းစုံမှတာဝန်ရှိသူများ ဖြစ် သော ခရိုင်အဆင့်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ
တာဝန်ရှိသူများ BGF (1018)မှ တပ်ရင်းမှူး နှင့်
BGF (1022) မှတပ်ရင်းမှူး ဗိုလ်မှူးစောမိုးသိုလ် ၊KNU-KNLA (PC) ငြိမ်းချမ်းရေးကောင်စီ(၇၇၇)ဗျူဟာမှ
ဗိုလ်မှူကြီးနေစိုးမြ ၊KNU တပ်မဟာ (၇)မှစစ်ဗျူဟာမှူး
ဗိုလ်မှူးကြီးစောဖေါဒို နှင့် ၊KNU-KNLA (PC)
ငြိမ်းချမ်း ရေး ကောင်စီ(၇၀၃)ဒုဗိုလ်မှူးကြီး စော မောင်ပလိုင်းတို့နှင့်အတူ ပါတီပေါင်းစုံမှ
တာဝန်ခံများတက်ရောက်ကြ ပြီး ယခင်ချ မှတ်ထားသော လုပ်ငန်းများပြီးစီးမှု အခြေ အနေနှင့်
ယခုရှေ့ဆက်လက်လုပ် ဆောင် ရန်လိုအပ်သောအခြေအနေများ ကိုဌာနအလိုက်တစ်ဦးခြင်းစီတင်ပြကြပြီး
မြ၀တီခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးမှ ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးဆိုင်ရာ
လုပ်ငန်းများ ယဉ်စီးကမ်းလမ်းစီးကမ်းဆိုင်ရာ လုပ်ငန်းများ တရားဥပဒေစိုးမိုးရေးဆိုင်ရာလုပ်ငန်းများ
နှင့်ပါတ်သက်၍ တက်ရောက်လာသူ တာဝန်ရှိပုဂ္ဂိုလ်များအား ဆွေး နွေးညှိနှိုင်းသွားပြီး ပူးပေါင်းဆောင်ရွက်ကြရန်
တိုက်တွန်းသွားခဲ့…………
ခရိုင်ကျန်မာရေးမှူး ဦးအောင်မြင့်မှလည်း
ကျန်းမာရေးကဏ္ဍများ ဒေသဖွံ့ဖြိုးရေး နှင့် ဆေးရုံဆေးခန်းများတည် ဆောက်မှု လိုအပ်မှု ဖြည့်စွက်မှုများ
ရှင်းလင်းတင်ပြပြီး မြို့နယ်ပညာရေးမှူး ဒေါ်လှလှမြင့် ပညာရေးကဏ္ဍနှင့် ဒေသဖွံ့ဖြိုးမှု
လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကိုတင်ခြင်း မြို့နယ်ပြည်သူဆောက်လုပ်ရေးလုပ်ငန်းတာဝန်ခံ
အင်ဂျင်နီယာ ဦးခွန်ထွန်းသက်အောင် မှ လုပ်ငန်းဆောင်ရွက်မှုဒေသဖွံ့ဖြိုးရေးအခြေအနေ ရှင်းလင်းတင်ပြခြင်း
မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက်ညွန်ကြာရေးမှူး ဦးငွေစိုးမှ
လုပ်ငန်းဆောင်ရွက်မှုအခြေအနေ များကိုရှင်း လင်းတင်ပြခြင်း မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာနမှ
လက်ထောက်ညွှန်ကြာရေးမှူးဦးကျော်ကျော်ဦးမှ မြို့တွင်း/ပြင်လမ်းများ မြို့နယ်စည်ပင်သာယာရေး
အထောက်အကူပြု ကော်မတီဥက္ကဌနှင့် ပူးပေါင်းဆောင်ရွက်မှု များရှင်းလင်းတင်ပြပြောကြားခဲ့ပြီး
မြို့ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု ကော်မတီ ဥက္ကဌကိုယ်စား အတွင်းရေးမှူး ဦးမြင့်
ကျော်မှ ရှင်းလင်းတင်ပြခြင်း ၄င်းအစည်းအဝေးအား နံနက် (၉း၃၀)မှ စတင်ခဲ့ပြီး (၁၂း၀၀)နာရီအချိန်တွင်
ခေတ္တရပ်နားကာ (၁၂း၂၀)အချိန်တွင် အစည်းအဝေးအခမ်းအနားပြန်လည်စတင်ကာ NDF ပါတီမှ ခရိုင်ဥက္ကဌဦးအောင်ဝင်းလှိုင်
မှ ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးခြင်း အခမ်းအနားမှာ ယခုခရိုင်အုပ်ချုပ်ရေးမှူး၏ လုပ်ဆောင်ချက်များအား
ဝမ်းသာစကား ပြောကြာခြင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းဦးမှလည်း လုပ်ငန်းအထွေထွေကိစ္စရပ်များအား
ဖြည့်စွက်ရှင်းလင်းပြောကြားခဲ့ပြီး KNU တပ်မဟာ (၇) မှ ဗျူဟာမှူး ဗိုလ်မှူးကြီး စောဖေါဒိုမှ
ပညာရေးကဏ္ဍ အပိုင်းများ ၊ကျန်းမာရေးကဏ္ဍ အပိုင်းများ ယဉ်စီးကမ်း လမ်းစည်းကမ်း လုပ်ငန်းများကို
ပူးပေါင်းဆောင်ရွက်မှု များပြုလုပ်ရန်ပြောကြခဲ့ပြီး၊NLD ပါတီ မြ၀တီခရိုင်ဥက္ကဌ ဦးစိန်ဗိုလ်မှလည်း
အဖက်ဖက်မှတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက် ကြလျှင် အရာရာအောင်မြင်နိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး
သင်္ဃန်းညီနောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းကလည်း ပြိုင်တူတွန်းလျှင်ရွေ့နိုင်ပါသည်
BGF (၁၀၂၂)တပ်ရင်းမှူ ဗိုလ်မှူးစောမိုးသိုလ်မှ မော်တော်ယာဉ်ကြီးများအတွက် ရပ်နားရန်
နေရာချပေးရေးအတွက် စည်ပင်သာယာရေးကော်မတီနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို
ပြောကြားခဲ့ပြီး ဒို့တာဝန်အရေးသုံးပါး ကို ဦးတည်လမ်းညွှန်ကာ လုပ်ဆောင်သွားကြရန် တိုက်တွန်းခဲ့ကြောင်းသတင်းရရှိပြီး
မြ၀တီခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီးအောင်မြင့်မှ ဖြည့်စွက်အမှာစကားများ ပြောကြားကာ
မြ၀တီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဇော်မှလည်း ဒေသဖွံ့ဖြိုးရေးနှင့် အခွန်လုပ်ငန်းပိုင်းဆိုင်ရာများ
ရှင်းလင်းပြောကြာပြီး ပြည်ထဲရေးဝန်ကြီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့၏
လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားကာ မွန်းလွဲ (၂း၀၀)နာရီအချိန်တွင် မြ၀တီခရိုင်အုပ်ချုပ်ရေးမှူးမှ
နိဂုံးချုပ်ဆွေးနွေး ပြောကြားရင်းအခမ်းအနားပြီးဆုံးခဲ့ကြောင်းသတင်းရရှိ……………..
ဒေါနမြေ

No comments:
Post a Comment