Sunday, August 17, 2014

ယုံကြည်ရာကိုးကွယ်နိုင်တယ် စည်းလုံညီညွတ်စွာနေကြမယ်













ရတနာမြေ လူမှုဖွံ့ဖြိုးရေးအသင်းမှ ကြီးမှူးကျင်းပသော ဘာသာပေါင်းစုံစည်းလုံးညီညွတ်စွာနေထိုင်ရေး
နှင့်
ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ

              2014 ခုနှစ် သြဂုတ်လ (16)ရက်နေ့တွင် မြ၀တီမြို့ ၊အမှတ်(၄)ရပ်ကွက် ၊ဘုရင့်နောင်လမ်းရှိ ၊သောင်ရင်းခန်းမ၌  ရတနာမြေ လူမှုဖွံ့ဖြိုးရေးအသင်းမှ ကြီးမှူးကျင်းပသော ဘာသာပေါင်းစုံစည်းလုံးညီညွတ်စွာနေထိုင်ရေးနှင့်ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားသို့ မြ၀တီမြို့နယ် သံဃနာယဥက္ကဌ ၊အကျိုးတော်ဆောင်၊ အမျိုး ဘာ သာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဌ၊နှင့် သံဃာတော်များ ၊လူမှုဖွံ့ဖြိုးရေးအသင်း၏ စီမံကိန်းဒါရိုက်တာ၊ဘာသာ ပေါင်း စုံ  ညီညွတ်ရေးဗဟိုမှ ပြန်ကြားရေးနှင့် နိုင်ငံတကားဆက်ဆံရေးမှူး(ဟိန္ဒူဘာသာ)၊ခရစ်ယာန်ဘာသာမှ အကြီးအမှူးများ၊ အစ္စလာမ်ဘာသာမှ ဘာသာရေးဆိုင်ရာတာဝန်ရှိသူများတက်ရောက်ပြီး ငြိမ်းချမ်းစွာ အတူတကွနေထိုင်ရေးအတွက် သြ၀ါဒ အမှာစကားများကို ပြောကြားကာ လုပ်ဆောင်ရမည့်လုပ်ငန်းတာဝန်များကို ဘာသာအလိုက်စုစည်းဆွေးနွေး၍ ဘာသာပေါင်း စုံညှိနှိုင်းတိုင်ကြရာ ခရစ်ယာန်ဘာသာဝင် ကိုယ်စားလှယ်မှ ဘာသာခြားများအနေဖြင့် တစ်ဦးကိုတစ်ဦးသံသယမရှိဘဲ အပြန် အလှန်လေးစားမှုရှိကြရန် ၊တစ်ဘာသာ တစ်ဘာသာ ပွင့်ပွင့်လင်းလင်းပြောဆိုဆက်ဆံရန်၊ ဘာသာရေးဆိုင်ရာအခမ်း အနား များ တွင် အပြန်အလှန်ဖိတ်ကြားရန် ၊တစ်ဘာသာနှစ်တဘာသာ ဝေဘန်ပြောဆိုခြင်းမရှိရန်၊ သံဃာတော်များ ၊ဆရာ တော် များ ၊ဘာသာရေးခေါင်းဆောင်များ နေဖြင့် အတွေ့အကြုံများအရ ပြောဆိုတိုင်ပင်ခဲ့သော အကြောင်းအရာများအတိုင်း ဆက် လက်ပြီး စည်းရုံးရေးညီညွန်ရေးကို ငြိမ်းချမ်းစွာ အတူယှဉ်တွဲ အကောင်အထည်ဖေါ်ရန်တင်ပြ၍ ၊အစ္စလာမ်ဘာသာဝင် ကိုယ်စားလှယ်မှ လိုအပ်ချက်ရှိသောအခါ အချင်းချင်း လျှင်မြန်စွာဆက်သွယ်ပူးပေါင်းဆောင်ရွက်ရန် လစဉ် ဘာသာပေါင်းစုံ ချစ်ကြည်ရေးလည်ပတ်ခြင်းနှင့် အစည်းအဝေးများ ပုံမှန်ကျင်းပနိုင်ရန် တင်ပြပြီး ၊ဟိန္ဒူဘာသာဝင်ကိုယ်စာလှယ်မှ လက်ရှိ ဖြစ်ပွားနေသောဘာသာရေးပြဿနာများနှင့် စပ်လျှဉ်းပြီး တစ်ဦးအပေါ်တစ်ဦးထားရှိသည့် သံသယများအားရှင်းလင်း အောင်သိရန်လိုကြောင်း၊ ဘာသာပေါင်းစုံမှ ဘာသာဝင်များ ခင်မင်ရင်းနှီးစွာနေထိုင်ရန် ၊အုပ်ချုပ်ရေးတာဝန်ရှိသူပုဂ္ဂိုလ်များ နှင့် ဘာသာရေးခေါင်းဆောင်များဆက်သွယ်မှုရှိရန်၊ဗုဒ္ဓဘာသာဝင် ကိုယ်စားလှယ်မှ  ဘာသာရေး၌ အတင်းအဓမ္မသွတ်သွင်း ခြင်းမပြုလုပ်ကြရန် လူသားများ၏လွတ်လပ်စွာ ယုံကြည်ကိုးကွယ်မှုကို တန်ဘိုးထားရန် ၊ဘာသာရေး ၏ အဆုံးအမ သွန်သင် မှုများထက် ကျော်လွန်သောဘာသာရေးအစွန်းရောက်များ၏ ပြုမူပြောဆိုမှုများကို သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင် များမှ လမ်းမှန်သို့ရောက်အောင် စနစ်တကျ ထိန်ကွပ်ပြုပြင်ပေးရန်၊ ပဋိပက္ခများ ပေါ်ပေါက်လာပါက ဘာသာရေးခေါင်း ဆောင်များညီညွတ်စွာ ၀ိုင်းဝန်ကူညီဖြေရှင်းပေးကြရန် ၊ဘာသာခြားများအနေဖြင့် ချစ်ကြည်ရေးရင်းနှီး စေရန်အတွက် အပြန် အလှန် ကူးလူးဆက်ဆံမှုသွားလာမှုကို အားပေးကူညီရန်တင်ပြခြင်း တို့ပြောဆိုပြီးနောက် ရှေ့ဆက်ရမည်ခရီးစဉ်များအ ဘာသာခြင်းအလိုက်စုဖွဲ့ဆွေးနွေးပြီး တဖန် ခရစ်ယာန်ဘာသာကိုယ်စားလှယ်များမှ ဘာသာခြားများအနေဖြင့် စုပေါင်း၍ ခံယူချက်တူ ညီစွာ နေထိုင်သွားကြရန်၊ အစ္စလာမ်ဘာသာဝင်ကိုယ်စားလှယ်များမှ ရှေ့လုပ်ငန်းစဉ်များအားဘာသာပေါင်းစုံ စည်းလုံးညီညွတ်စွာ ဆောင်ရွက်နိုင်ရန်၊ ဘာသာကြီး(၄)ခုစလုံးတစ်ဦးနှင့်တစ်ဦး ဖြူစင်စွာ ကြည့်ရှုကြရန်လိုအပ်ကြောင်း၊ ငြိမ်းချမ်းသာယာစွာပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ၊အမျိုးဘာသာစောင့်ရှောက်ရေးဥက္ကဌမှလည်း မျိုးစောင့်ဥပဒေ သည် ဖြစ်ပေါ်လာမည့် ပဋိပက္ခများကို ကြိုတင်ကာကွယ်တားဆီးသည့်အတွက် မျိုးစောင့်ဥပဒေကို စနစ်တကျလေ့လာ သုံးသပ်ပြီး ဆွေးနွေးအားပေးထောက်ခံရန်၊ ဘာသာရေးအစွန်းရောက်များ၏ ပြုမူပြောဆိုမှုများကို သက်ဆိုင်ရာဘာသာရေး ခေါင်းဆောင်များမှ လမ်းမှန်သို့ရောက်အောင် စနစ်တကျပြုပြင်ထိန်းသိမ်းရန်၊တို့ကိုဆွေးနွေးတင်ပြကြပြီး ဆွေးနွေးပွဲအား ညနေ (၅း၀၀)နာရီအချိန်တွင်ရုတ်သိမ်းကာ အခမ်းအနားတက်ရောက်လာသူများမှ ချစ်ကြည်ရေးခရီးအနေဖြင့် မြ၀တီမြို့၊ အမှတ်(၄)ရပ်ကွက် ၊ဗိုလ်ချုပ်လမ်းရှိ ရွှေမြင်းဝန်ဘုရားကြီးသို့လည်းကောင်း ၊အမှတ်(၄)ရပ်ကွက် ၊အောင်သိပ္ပလမ်းရှိ စရီယာန်မယ်တော်ကြီး ဟိန္နူဘုရားရှစ်ခိုးကျောင်း များသို့သွားရောက်လည်ပတ်ခဲ့ကြကြောင်းသတင်းရရှိ………
                                                                                                                        ဒေါနမြေ

No comments:

Post a Comment