Thursday, September 4, 2014

မြ၀တီမြို့ သောင်းရင်းခန်းမတွင် လွှတ်တော် အတွေ့အကြုံရှင်းလင်းပွဲပြုလုပ်



မြ၀တီမြို့ သောင်းရင်းခန်းမတွင် လွှတ်တော် အတွေ့အကြုံရှင်းလင်းပွဲပြုလုပ်
      ၂၀၁၄ခုနှစ် ၊ စက်တင်ဘာလ ၊(၄)ရက်နေ့ တွင် မြ၀တီမြို့သောင်ရင်းခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင် ပြည်သူများမှ လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲတရပ်ပြုလုပ်ခဲ့ကြောင်းသတင်းရရှိ ………
      အတွေ့အကြုံရှင်းလင်းပွဲတွင် ပြည်ထောင်စုအဆင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စောအေးမြိုင်မှ လွှတ်တော် အတွေ့အကြုံများကို ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုအဆင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဦးမှလည်း လွှတ်တော်အတွေ့အကြုံများကို ထပ်ဆင့်ရှင်းလင်းခဲ့ကြောင်းသတင်းရရှိပြီး တက်ရောက်လာကြသော မဲဆန္ဒရှင်ပြည်သူများ မှလည်း သိလိုသည်များကို မေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြား တို့ကိုပြုလုပ်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောအေးမြိုင်မှ ဂိမ်းစက်လောင်းကစားကိစ္စ များ မြေယာမတရားကျူးကျော်သိမ်းဆည်းထားမှုများနှင့် ပါတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မတရားမှုများကို တိုင်ကြားနိုင်ကြောင်း နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဦးမှလည်း ရပ်ကွက်ဆယ်အိမ်မှူး ရာအိမ်မှူးများရွေးချယ်ရာတွင်  လျှို့ဝှက်မဲစနစ်ဖြင့် ရွေးချယ်သင့်ကြောင်း ချစ်ကြည်ရေးတံတားထိပ် တွင်ယဉ်ကြောပိတ်ဆို့နေမှုများကိုလည်း ရှင်းလင်းနေကြောင်း ဒေသဖွံ့ဖြိုးရေးစီမံချက်ဖြင့် ပြည်သူ့လွတ်တော်မှ ချမှတ်ပေး သော ငွေကျပ် (သိန်းတစ်ထောင်)ကိစ္စကိုလည်း ပြည်သူများ ပွင့်လင်းမြင်သာအောင် ပြန်လည် ရှင်းပြခဲ့ပြီး  မြ၀တီမြို့ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးနောင်မှ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးလုပ်ဆောင်ချက်များကို မေးမြန်းခဲ့သည်ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောအေးမြိုင်မှ ပြန်လည်ရှင်းလင်းခဲ့ပြီးနောက် NLD ခရိုင်ဥက္ကဌ ဥိးသန်းအောင်မှ ဆယ်အိမ်မှူးများ ၊ရာအိမ်မှူးများ ရွှေူးချယ်ရာတွင်မည်သည့်နည်းကိုသုံးသည်ဖြစ်စေလက်ရှိအခြေအနေတွင်  လက်ရှိအခြေအနေအရ အဆင်မပြေမှုများရှိသည်ကိုဆွေးနွေးခဲ့ပြီးအမှတ်(၅)ရပ်မိရပ်ဖတစ်ဦးမှ အမှတ်(၁)ရပ်ကွက်အတွင်း ရှိ ယခင်ဈေးဟောင်းနေရာအား (၆)ထပ်ဈေးကြီးပြုလုပ်မည့်စီမံကိန်းအား စတင်မည်အချိန်ကိုမေးမြန်းဆွေးနေွး၍ NLD မှ ခရိုင် EC အဖွဲ့မှ ဒေါ်ခင်ထားမှ မြ၀တီမြို့ပေါ်ရှိ လက်ရှိဖြစ်ပျက်နေသော ဗိုက်ဖေါက်ဟုလူလိမ်များကိစ္စနှင့် ဂိမ်းစက်လောင်း ကစားများကိစ္စ များ မှုခင်းတားဆီးနှိမ်နင်းရေးကိစ္စများ မူးယစ်ဆေးဝါးကိစ္စများကိုပါ ဆွေးနွေးရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရှိ…………………..


                                                                                                       ဒေါနမြေ

No comments:

Post a Comment