ကရင်ပြည်နယ် မြ၀တီခရိုင် ၊မြ၀တီမြို့နယ်အတွင်း
တရားမ၀င် ငွေကြေးဖြင့်လောင်းကစားပြုလုပ်နေသော ဂိမ်း ဆိုင်များကို (၂၀၁၁)ခုနှစ်စ၍ စစ်ဆင်ရေးတရပ်သဖွယ် ပြုလုပ်ကာဖမ်းဆီးခဲ့ပြီး ဂိမ်းစက်အမျိုးမျိုးတို့အား
အခမ်းအနားဖြင့် မီးရှို့ဖျက်ဆီးခဲ့သော်လည်း ယနေ့ (၂၇-၈-၂၀၁၄)ရက်နေ့ အချိန်ထိ မြ၀တီမြို့နယ်အတွင်း
အသား ထဲက လောက်များကြောင့် ဆိုင်ပေါင်း (၃၀)ခန့် ဆက်လက်တည်ရှိ ရှင်သန်နေဆဲ ဖြစ်ကြောင်းသတင်းရရှိ
…….
မြ၀တီမြို့နယ်အတွင်း တရားမ၀င် လောင်းကစားဂိမ်းဆိုင်များမှာ
အမှတ် (၃၊ ၄၊ ၅ ) ရပ်ကွက်များနှင့် သင်္ဃန်းညီနောင်နယ်မြေအတွင်း နယ်ခြားဂိတ်စခန်းများအတွင်း
စုစုပေါင်း (၃၀)ခန့်ရှိကြောင်း သတင်းအရသိရှိရပြီး ဆိုင်ပိုင် ရှင်များမှာ ရှမ်းပြည်နယ်ဘက်မှ
(၀ ၊တရုတ်၊ ကိုးကန့် ၊ရှမ်း-တရုတ်)လူမျိုးများဖြစ်ကြပြီး လောင်းကစားနှင့် မူးယစ်ဆေးဝါးကို
ဂိုဏ်းတစ်ဂိုဏ်းသဖွယ် ပြုလုပ်နေလျှက်ရှိပြီး ဒေသအတွင်း လက်နက်ကိုင်များ အောက်ခြေ၀န်ထမ်းများ
အား တစ်လလျှင် တစ်ဆိုင် သိန်း(၂၀)ခန့်ပေးရပြီး ဖွင့်လှစ် ဆောင်ရွက်နေကြောင်းသတင်းရရှိ……
အဆိုပါဂိမ်းဆိုင်များကြောင့် ၀န်ထမ်းများ
ကျဘမ်းအလုပ်သမားများ အမျိုးသမီးများ လူငယ်၊လူလတ်၊လူကြီးများပါ မကျန် စွဲလမ်းစွာကစားလျှက်ရှိပြီး
အိမ်တွင်းအကြမ်းဖက်မှုဖြစ်ရပ်များ လိမ်လည်အလွဲသုံးစားဖြစ်ရပ်များ မသမာမှုအမျိုးမျိုး
မော်တော်ဆိုင်ကယ်အသင်းများမှ ဆိုင်ကယ်များ လုယက်မှုများ ခိုးမှုများ ဖြစ်ပေါ်လျှက် ရှိကြောင်းမြင်တွေ့သတင်းရရှိနေခဲ့..
အဆိုပါလောင်းကစားရုံများတွင်
အသက် (၁၆/၂၀/၂၅)မြန်မာအမျိုးသမီးငယ်များကို စရိတ်ငြိမ်းလခ ကောင်း ကောင်း ပေးပြီး မြှူဆွယ်အယောင်ပြ
ငှားရမ်းဖွင့်လျှက်ရှိပြီး ထိုဆိုင်များအား လက်နက်ကိုင်အဖွဲ့အစည်းမှ တပ်ဖွဲ့ဝင်တချို့တို့အားငွေပေး
အမည်ခံစေလျှက် ဖွင့်လှစ်ဆောင်ရွက်နေကြောင်း သတင်းရှိ ……………
အဆိုပါဂိမ်းဆိုင်များသည် မြ၀တီမြို့အား တရားဥပဒေစိုးမိုးရေးနှင့်
ရပ်ရွာအေးချမ်းသာယာရေး ပြည်သူ့ဘ၀လုံခြုံရေး အမျိုးသားအကျိုး စီးပွားကိုအနှောက်အယှက်ဖြစ်နေသောအကြောင်းတရားတို့၏
အဓိက တရားခံဖြစ်နေ၍ မြို့ပေါ်နေပြည်သူလူထုမှလည်း အဆိုပါဂိမ်းဆိုင်များအား ဖမ်းဆီးစေခြင်ကြောင်း
သတင်းရရှိခဲ့ပြီး(၂၇-၈-၂၀၁၄)နံနက်ပိုင်း လဘက်ရည်ဆိုင်တစ်ဆိုင်တွင် ပါတီအသီးသီးမှ ခေါင်းဆောင်အချို့
အဆိုပါအကြောင်းအရာများနှင့်ပါတ် သက်၍ အုပ်ချုပ်သူနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအပေါ်
အထင်အမြင်လွဲမှားနေသည်ကို မြင်တွေ့ကြားသိရသဖြင့် မြ၀တီခရိုင်ရဲတပ်ဖွဲ့မှူး နှင့် သွားရောက်
တွေ့ဆုံ မေးမြန်းခဲ့ရာ မကြာမှီ အချိန်အတွင်း အဆိုပါဂိမ်းဆိုင်းများအား ထပ်မံဖမ်း ဆီးတော့မည်ဖြစ်ကြောင်း
သတင်းရရှိခဲ့ပါသည်။ အဆိုပါဂိမ်းဆိုင်များသည် ဆိုင်ကယ်ရလျှင်ဆိုင်ကယ်အပေါင်ခံ လက်ဝတ်
ပစ္စည်းများမကျန် နေအိမ်များအဆုံးထိ အပေါင်ခံ၍ဆော့ကစားသည်ကိုလက်ခံခြင်းများကြောင့် မြ၀တီမြို့ပေါ်တွင်
အိုးပျက် အိမ်ပျက်စီးပွားပျက်သူများ မြင်တွေ့သိရှိ နေရသဖြင့် မြို့ရွာအေးချမ်းသာယာရေးနှင့်
တရားဥပဒေစိုးမိုးရေး အမျိုးသားအကျိုးစီးပွားကာကွယ်ရေး ပြည်သူ့ဘ၀လုံခြုံရေးတို့အတွက်
ယခုဖွင့်လှစ်နေသောဂိမ်းဆိုင်များ နှင့် နောက်ဆက်တွဲ ဆက်စပ်ဖြစ်ပေါ်လာရသောအကြောင်းတရားတို့အား
စတုတ္ထမဏ္ဍိုင်မှတဆင့် ပေးပို့တင်ပြလိုက်ရပါသည်။
ဒေါနမြေ




No comments:
Post a Comment