Saturday, January 3, 2015

ရွေပြည်တစ်ဝှမ်း ပြုံးပန်းကိုယ်စီ ပွင့်စေခြင်ပြီ




အမိမြေ လွတ်လပ်ရေးကိုကာကွယ်ပါ
 ပြည်ထောင်စုအမွေကိုထိမ်းသိမ်းပါ
အမိမြေကိုချစ်ပါ
 တရားဥပဒေကိုလေးစားပါ
ဥပဒေဘောင်အတွင်းနေထိုင်ခြင်း
ဘေးကင်းရန်ကွာ လွန်ချမ်းသာ။
                   ဆိုသည့်ဆောင်ပုဒ်အတိုင်း အမိမြေက တိုင်းရင်းသား ပြည်ထောင်စုဘွား ညီနောင်အများက နေထိုင်သွားကြမယ် ဆိုရင်ရွှေနိုင်ငံ ခေတ်သစ်ခရီး အလှမ်းနီးစွာရောက်ရှိတော့မှာအမှန်ပါ။ ပြည်ထောင်စုဘွား ညီနောင်အများ တို့တစ်တွေ သူတပါးလက်အောက် ကျွန်အဖြစ်ရောက်ခဲ့တဲ့ဘ၀ ဘယ်သောအခါမှ သားစဉ်မြေးဆက် မမေ့ ကြဘို့ သမိုင်းအမွေ လက်ဆင့်ကမ်းဘို့ အမြဲတမ်းလိုတယ်လေ။ သူ့ကျွန်ဘ၀ သူတို့လက်အောက်က လွတ်မြောက်ခဲ့ပြီ ငါတို့ညီနောင်တစ်တွေ (၆၇)နှစ်မြောက် ပြည့်ခဲ့ပြီ ဒါပေမဲ့လည်း သွေးခွဲ သပ်သျှို ဘေးစကားများ နဲ့ သွေးခွဲထားသွားလို့ တို့နိုင်ငံလွတ်လပ်ရေးဆိုတဲ့စကား မြန်မာပြည်မှာ မပြည့်စုံသွားခဲ့ပါဘူး ။တို့တစ်တွေ အစဉ်အမြဲ ပြည်ထောင်စုရဲ့ တွဲထားလက်များနဲ့ ထာဝရအပြုံးပန်းတို့ ပွင့်ဝေစေခြင်ပေမဲ့လည်း ဘေးစကားကြောင့် သွေးခြင်းသားခြင်းညီနောင် အချင်းတို့ တိုက်ကြ ခိုက်ကြ ပစ်ကြ ခတ်ကြ နဲ့ အကြောင်းအမျိုးမျိုးပြလို့ တိုက်ပွဲ ၀င်နေကြတာ နှစ်ပေါင်း (၆၀)ကျော်ခဲ့ပါ ပြီ တိုးတက်ခြင်း ဆုတ်ယုတ်ခြင်းဆိုတဲ့ ရလဒ်တွေက ဘာတွေလဲ တို့နိုင်ငံ ဖွံ့ဖြိုးရေးတွေနောက်ကျ တို့ပြည်သူတွေ ဒုက္ခရောက်ကြတာဘဲရှိတယ် ဒါကြောင့် ယခုခေတ်သစ်ရွှေပြည် တို့တိုင်းပြည် ပြည်ထောင်စုသမ္မတ မြန်မာပြည်ကို ပြည်သူတွေအရေး ရှေးကိုကြိုတွေးကာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး အစဉ်ထာဝရငြိမ်းချမ်းရေးအတွက် လက်မှတ်ရေးထိုးပွဲတွေကို နိုင်ငံတော်နှင့် ပြည်သူတို့အတွက် ကျင်းပပေးနေရတာပေါ့။ တကယ်တော့တို့တစ်တတွေဟာ တစ်မြေတည်းနေ တစ်ရေထည်းသောက် တဲ့ သွေးချင်းညီအစ်ကို မောင်နှမတွေဆိုတာ သမိုင်းကိုပြန်ကြည့် သွေးစည်း ညီညွတ်မှု ဆိုတဲ့ ရလဒ်ဆိုတာ ရှိခဲ့တယ်လေ တို့မြန်မာပြည် ပြည်ထောင်စုနေ့ ဘယ်တော့မှ မပျောက်ဘူးဟေ့လို့ ကမ္ဘာကိုကြေညာလိုက်မယ် အမိပြည်ထောင်စု သမ္မတ မြန်မာပြည် ကမ္ဘာတည်သရွေ့ ရှိနေမယ် ဟေ့……….
ပြည်ထောင်စုဘွား ညီအစ်ကိုမောင်နှမ သွေးချင်းများက အရေး(၃)ပါး ဦးထိပ်ထားကာ တို့များခေတ်သစ်ရွှေပြည် ရှေ့ခရီးဆီကို ငြိမ်းချမ်းစွာအတူတကွ ပေါင်းစုကာလျှောက်လှမ်းကြမယ်ဆိုရင် ကမ္ဘာမှာ မြန်မာဟာ ထွန်းတောက်လို့ ရွှေရောင်အဆင်း တောက်ပခြင်းတို့နှင့် အလှပန်းခင်း အပြုံးပန်းများဝေဆာခြင်းတို့ဟာ တစ်နိုင်ငံလုံးကို ထားဝရငြိမ်းချမ်းခြင်းတို့က ဖန်ဆင်းပေးသွားမှာပါ ဦးဆောင်ခေါင်းရွက် နိုင်ငံတော်နှင့်ပြည်သူအတွက် တာဝန် ကိုယ်စီ ရှိကြသည့် လူမျိုးစုကိုယ်စီရဲ့ ကိုယ်စား ခေါင်းဆောင်အများက ပြည်သူတို့နှင့် နိုင်ငံတော်အရေး အဖက်ဖက်က ဖြည့်စွက်တွေးကာ လွတ်လပ်ရေးနှင့် ပြည်ထောင်စုနေ့ ဘယ်တော့မှမမေ့နိုင်အောင် သားစဉ်မြေးဆက် အမွေပေးဆက်လို့ ပြည်သူတို့နှင့်နိုင်ငံတော် ထာဝရငြိမ်းချမ်းရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာ အပြစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး ပွဲလေးမှာ အပြုံးပန်းကိုယ်စီ ပြည်ထောင်စုသမ္မတမြန်မာပြည်မှာ အစဉ်ထာဝရ ပြည်သူအများက ပွင့်စေခြင်ပါပြီ (DBV) က ကိုဖိုးစီအမေးကို ပြည့်စုံစွာကျနော်ဖြေပေးလိုက်ခြင်ပေမဲ့ လွတ်လပ်ရေးရဲ့အရသာဆိုတာ တစ်နိုင်ငံလုံးငြိမ်းချမ်းပေးမှ အနှစ်သာရနဲ့ပြည့်စုံမှာမို့ တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးအောင်မြင်စွာ လက်မှတ်ထိုးပေးကြဘို့ ပြည်သူအများ ဆုတောင်းမေတ္တာပွားလိုက်ကြပါစို့နော်
                   ထို့အတူ နိုင်ငံတစ်နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးဆိုတာ ပြည်သူတွေအတွက် အဓိကအရေးဖြစ်လို့ အမှန်တစ်ကယ် တရားဥပဒေတစ်နိုင်ငံလုံးစိုးမိုးပေးမှ ပြည်သူတို့ဘ၀ ငြိမ်းအေးရမှာဖြစ်တယ်ဆိုတော့ တရားဥပဒေစိုးမိုးရေး ကိုအားလုံးက လက်တွဲဆောင်ရွက်ပေးကာ အစဉ်ထာဝရ တို့ပြည်ထောင်စု သမ္မတ မြန်မာပြည်  ငြိမ်းချမ်းရေး အတွက် တစ်နိုင်ငံလုံး ပြည်သူအများက ၀ိုင်းဝန်းထိမ်းသိမ်းစောင့်ရှောက်ကြပါစို့လားဗျာ ………………………………




  ခင်ဇော်ဦး ဒေါနမြေ

No comments:

Post a Comment