Tuesday, October 14, 2014

ဒီလိုအခြေအနေမျိုးတွေကို အားလုံးကြိုတင်ဖြေရှင်းနိုင်ရင် သာယာလှပသော မြန်မာပြည်ဖြစ်လာမှာပါ

မြ၀တီခရိုင်၊ဝေါလေမြိုင်မြို့နယ်ခွဲတွင် နိုင်ငံဝန်ထမ်းတစ်ဦးအားမတရားဖမ်းဆီးချုပ်နှောင်မှုတစ်ခု ဖြစ်ပွား ဖြစ်စဉ်မှာ 2014ခုနှစ် အောက်တိုဘာလ (၆)ရက်နေ့တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ကြီးကြပ်ရေးမှူး ဦးရဲဟိန်းထွန်းသည် မိသားစု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ၀န်ထမ်းအမျိုးသမီးတစ်ဦးနှင့်အတူ ပါဂျဲရိုးကြက်သွေးရောင်ဖြင့် ဝေါလေမြိုင်မှ မြ၀တီမြို့သို့ထွက်ခွာလာရာ ဝေါလေမြိုင်နှင့် မင်းလက်ပံကျေးရွာကြားသဲဖြူချောင်း ဂိတ်အရောက်တွင် DKBA ၀တ်စုံဖြင့် လူတစ်စုမှ ဖမ်းဆီး၍ ကားနှင့်အတူ ၄င်းတို့၏စခန်းတွင်းသို့ခေါ်ဆောင်သွားခဲ့ပြီးနောက် ဦးရဲဟိန်းထွန်းအားထိပ် တုံးခတ်၍ချုပ်နှောင်ထားခဲ့သည်။၎င်းတို့၏စခန်းမှ တာဝန်ရှိ ဗိုလ်မှူးး ဟုခေါ်ဆိုခံရသူရောက်ရှိလာသောအခါ ဦးရဲဟိန်းထွန်း တို့မိသားစုနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အမျိုးသမီးတို့အားပြန်လည် လွှတ်ပေးခိုင်း၍ ပြန်လွတ်လာခဲ့သော်လည်း စခန်းမှ မြ၀တီ ဝေါလေမြိုင်ကားလမ်းထိလမ်းလျှောက်ပြန်ခဲ့ရပြီး လိုင်းကားစီး၍ မြ၀တီမြို့သို့ပြန်လည်ရောက်ရှိလာခဲ့ ကြောင်းသတင်းရရှိပါသည်။ ဦးရဲဟိန်းထွန်းမှာယခုဖြစ်စဉ်အတွက် ရဲစခန်းတွင်အမှုဖွင့်တိုင်ကြားလာခြင်းအပေါ် မြ၀တီမြို့မ ရဲစခန်းမှအမှုအားလက်ခံ၍(ပ)၁၈၁/၂၀၁၄ ပြစ်မှုပုဒ်မ ၃၄၂/၃၉၂အရ အရေးယူဆောင်ရွက်ပြီးလမ်းညွှန်ချက်များ အတိုင်း ဆင့်ကဲလုပ်ဆောင်ခဲ့ပြီးနောက် မတရားဖမ်းဆီးခေါ်ဆောင်သွားသူ တရားခံများကို DKBA တာဝန်ရှိသူများမှမြ၀တီမြို့ ရှေ့တန်းရုံးမှတဆင့်လွှဲပြောင်းပေးအပ်ခဲ့ရာ ပြစ်မှုကျူးလွန်သူများမှာ DKBA ကရင်တပ်ဖွဲ့ဝင်များမဟုတ်ဘဲ DKBA ရခိုင်တပ်မှ (၁) ကျော်မြင့်(ခ)ကံမြင့် (ဘ)ဦးလှထွန်း၊(၂)စံလှိုင် (ဘ)ဦးထွန်းလှိုင်၊ (၃)မြတ်သန့်ဇင် (ခ)မြင့်မြတ်တို့ (၃)ဦးဖြစ်ကြောင်း၎င်းတို့အား(ပ)၁၈၁/၂၀၁၄ ပြစ်မှုပုဒ်မ ၃၄၂/၃၉၂အရစစ်ဆေး အရေးယူသွား မည်ဖြစ် ကြောင်း သတင်းရရှိပါသည်။  
နေရာတိုင်း ဌာနတိုင်း အဖွဲ့အစည်းတွေတိုင်းမှာ ဒီလိုအခြေအနေတွေရှိနေတတ်တယ် ဒါဟာ ကောင်းတဲ့အလားအလာမဟုတ်ပါဘူး အထူးသဖြင့်လက်နက်ကိုင်ထားတဲ့အဖွဲ့အစည်းတွေဆိုရင် မိမိလက်အောက်ငယ် သား များကိုပိုမိုဂရုစိုက်လေ့လာသင့်ပါတယ် ဒီကောင်တွေလက်နက်ပေးထားတယ် လိုအပ်ရင်တိုက်ခိုင်းမယ် မလိုအပ်သေး တဲ့အခါ စား ၊၀တ်၊နေ ရေးဖြည့်ဆည်းထားတယ် ဘာလိုသေးလဲလို့ သဘောမထားပါနဲ့ ကာလအခြေအနေက လူငယ်တွေ ကို ကြိုးစားရုန်းကန်ဖို့ထက် လမ်းမှားကိုပို့ပေးနေတဲ့ခေတ်ပါ မိမိရဲဘော်တိုင်း မိမိတာဝန်ယူနိုင်ဘို့လိုပါတယ်လို့ ထင်ပါတယ်…………………. ဒေါနမြေ

No comments:

Post a Comment