Sunday, September 28, 2014

ယုန်လိုက်တာ ကြောင်မိသွားတယ်



စစ်ယဉ်တန်းကို ချောင်းမြောင်းပစ်ခတ် မှုကြောင့်
လောင်းကစားဂိမ်းစက်များ လက်လုပ်မိုင်းများဖေါ်ထုတ်ဖမ်းဆီးရမိ
         (27-9-2014)ရက်နေ့(၁၁း၀၀)နာရီ အချိန် မြ၀တီမြို့တွင် တပ်မတော်စစ်ယဉ်တန်းအား ချောင်း မြောင်း ပစ်ခတ်ရာမှ ၄င်းပစ်ခတ်သောနေရာအား တပ်မတော်မှ အရာရှိစစ်သည်များနယ်မြေခံ တပ်များ အား တပ်မမှူး ဗျူဟာမှူးတို့၏ ဦးဆောင်လမ်းညွှန်မှုတို့ဖြင့် မြ၀တီမြို့ အ၀င် အမှတ်(၄)ရပ်ကွက်အပိုင်နယ်မြေ အာရှ လမ်းမကြီးဘေးမင်းပဒုမ္မာဝင်းဘေး ပတ်လည် နေရာများအား စစ်သည်များမှ နေရာယူဝင်ရောက်ရှင်းလင်းခဲ့ရာ ၄င်းဝင်း အတွင်း တရားမ၀င်လောင်းကစား ဂိမ်းစက်မျိုးစုံ တို့အားဖမ်းဆီးရမိပြီး ၄င်းဝင်းအတွင်းနေထိုင်သူများအား အသေးစိတ်ဆက် လက်စုံစမ်းခဲ့ရာ ၄င်းဝင်းမှာ KNU –KNLA (PC) ငြိမ်းချမ်းရေးကောင်စီ အထူးဗျူဟာမှ ဗိုလ်မှူးကြီးစောတိုက်ဂါး ၏ တပည့် များ နေထိုင်ကြောင်း သိရှိရပြီး ၄င်း လောင်းကစားဂိမ်းစက်များမှာ တရုတ်လူမျိုးတစ်စုမှ  လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုကို အမှီပြု၍ ဂိမ်းဆိုင်ဖွင့်ရန် အခကြေးငွေဖြင့် မြေနေရာငှားရမ်းပေးထား ကြောင်း သတင်းရရှိပြီးဝင်ရောက်ရှာဖွေဖမ်းဆီးချိန်တွင် မည်သူ တစ်ဦးတစ်ယောက်မျှ မတွေ့ရှိရတော့ဘဲချောင်းမြောင်း ပစ်ခတ်စဉ်အခါကပင် ပိတ်ထားလျှက်ရှိကြောင်းသတင်းရရှိ၍ ၄င်းတရားမ၀င်လောင်းကစားဂိမ်းစက်များအားမြို့နယ်ရဲ တပ်ဖွဲ့မှူးနှင့်အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စည်ပင်ဝန်ထမ်းများ မှုခင်းသတင်းထောက်များ မြို့နယ်သတင်းထောက်များ တပ်မတော် စစ်သည်များ ပူးပေါင်းပါဝင်၍ ပိုင်ရှင်မဲ့ ဖမ်းဆည်းသိမ်းဆည်းရမိကြောင်း သတင်းရရှိကာ ဆက်လက်၍ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ ၀င်များ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အဖွဲ့နှစ်ဖွဲ့ခွဲ၍ ဆက်လက် လိုက်လံစုံစမ်းဖမ်းဆီးသိမ်းဆည်းခဲ့ရာ မြ၀တီမြို့ ချစ်ကြည်ရေးလမ်း ကားဝင်းဟောင်းရှေ့ရှိ ဂိုဒေါင်တစ်လုံးတွင် လောင်းကစားဂိမ်းစက်များ ရှိနေကြောင်း သတင်းရရှိ၍ နယ်ခြားစောင့်တပ် စစ်သည်များနှင့်ပူးပေါင်း၍ ထပ်မံဖမ်းဆီးရမိပြီး ပိုင်ရှင်မဲ့ဖြင့်ဆက်လက်သိမ်းဆည်းကာ မြ၀တီမြို့ ရဲစခန်းတွင်ထားရှိပြီး  (၂၈-၉-၂၀၁၄)ရက်နေ့တွင် သတင်းအရ ထပ်မံရှာဖွေဖေါ်ထုတ်ဖမ်းဆီးရာ ချောင်းမြောင်ပစ်ခတ်သော နေရာအနီးရှိ ဂိုဒေါင်တစ်လုံးတွင် လောင်းကစားဂိမ်းစက်များ ထပ်မံဖမ်းဆီးရမိကြောင်းသတင်းရရှိကာ ဆက်လက်၍ မြ၀တီမြို့ အမှတ်(၃)ရပ်ကွက် အပိုင်နယ်မြေ မြ၀တီ - မဲ့ထော်သလေးသွားလမ်း ကားလမ်းဘေးရှိ KNU –KNLA (PC) ငြိမ်းချမ်းရေးကောင်စီ အထူးဗျူဟာမှဗိုလ်မှူးကြီးအဆင့်ရှိ စောတိုက်ဂါး၏ နေအိမ်ခြံဝင်းအား မသင်္ကာ၍ ၀င်ရောက်ပြီး နယ်ခြားစောင့်တပ်အမှတ် ၁၀၂၂ မှ ဗိုလ်ကြီးစောတိုင်းကျော်ဦးစီး၍ မြ၀တီဌာနေပြည်သူ့စစ်များ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ ၀င်များ ပူးပေါင်းပါဝင်သောအဖွဲ့မှ ၀င်ရောက်ရှင်းလင်းရှာဖွေရာ ခြံဝင်းအတွင်း ယခင်ကဗိုလ်မှူးကြီးတိုက်ဂါး၏ စစ်သည်များ  နေထိုင်သော်လည်း ၀င်ရောက်ရှာဖွေချိန်တွင် တစ်စုံတစ်ယောက်မျှ မတွေ့ရှိရကြောင်း သတင်းရရှိကာ စောတိုက်ဂါး၏ နေအိမ် အိပ်ခန်းအတွင်းမှ လက်လုပ်မိုင်း ယမ်းအုံ အလျှား (၆လက်မခွဲ )အချင်း (၂လက်မခွဲ) ဓါတ်အားပေးခလုပ်ပိုင်း အလျှား(၆လက်မ) အချင်း(တစ်လက်မခွဲခန့်)ရှိ အကြီးတစ်လုံး ယမ်းအုံ အလျှား(၅လက်မခွဲ)အချင်း ( ၁လက်မခွဲ) ဓါတ်အားပေးခလုတ်ပိုင်း အလျှား(၅လက်မ) အချင်း(တစ်လက်မခန့်ရှိ)အသေး(၁၀)လုံး စုစုပေါင်းမိုင်း (၁၁)လုံးအား ရှာဖွေ သိမ်းဆည်းရမိပြီး ၄င်းသိမ်းဆည်းရမိသော လက်လုပ်မိုင်းများအား မြ၀တီမြို့ အမှတ်(၂၇၅)နယ်မြေခံတပ်ရင်း ရှေ့တန်းရုံး မှထိမ်းသိမ်းထားရှိကြောင်းသတင်းရရှိပြီးမြန်မာနိုင်ငံရဲတပ်ဖွဲ့မှမြ၀တီခရိုင် ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီး အောင်မြင့်မှ လည်း တရားမ၀င်လောင်းကစားဂိမ်းစက်များအားဆက်လက်ရှာဖွေဖေါ်ထုတ်ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်းသတင်းရရှိပြီး (၂၈-၉-၂၀၁၄)ရက်နေ့ ညနေပိုင်းတွင် အမှတ်(၁/၂/၃/၄/၅)ရပ်ကွက်အုပ်ချုပ်ရေးမှူးများအမှတ်(၂၇၅)ခြေလျှင်တပ်ရင်းမှ တပ်ရင်းမှူး ဦးစီး၍ အရာရှိ အကြပ် စစ်သည်များ မြ၀တီမြို့မရဲစခန်းမှ ဒုမြို့နယ်မှူး ဒုရဲမှူး ဦးစီးသည့် အရာရှိအကြပ်စစ်သည် ရဲတပ်ဖွဲဝင်များ မြ၀တီမြို့ဌာနေပြည်သူစစ် ခေါင်းဆောင်ဦးစီးသည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ နယ်စပ်ဒေသ အထူးမှုခင်းနှင့် သတင်းစုဆောင်းရေး မှုခင်းသတင်းထောက်အဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့စုံတို့သည် ရပ်ကွက်အလိုက်တရားမ၀င်လက်နက်ကိုင်ဆောင်သူများအား ရရှိသတင်းများနှင့် ၀င်ရောက်ရှာဖွေစစ်ဆေး ခဲ့ကြောင်းသတင်းရရှိပြီးမြ၀တီမြို့နေ ပြည်သူလူထု များအတွက်နယ်မြေအေးချမ်းသာယာမှု တရားဥပဒေစိုးမိုးရေး ပြည်သူ့ဘ၀လုံခြုံရေးအတွက် သတင်းနှင့်လုံခြုံရေးတို့အားအထူးစီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ 



ဒေါနမြေ

No comments:

Post a Comment